စည်းကမ်းသတ်မှတ်ချက်များနှင့် အခြေအနေများ


1. Payment


1.1 Cash Deposit

ငွေသားကြိုတင်ပေးချေခြင်း (Cash Deposit) ဖြင့် ကုန်ပစ္စည်းဝယ်ယူလျှင် မိမိထံသို့ ပေးပို့သော  အီးမေးလ် (Email) ရှိ   ဘောက်ချာ (Invoice)ကိုလက်ခံရရှိသည် နှင့် ebuymyanmar ရုံးသို့ ငွေသားကြိုတင်ပေးချေရပါမည်။ ငွေပေးချေမှု အပြည့်အဝ လုပ်ဆောင်ပြီးမှသာ ကုမ္ပဏီ မှ မှာယူမှု (Order) ကို ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။


1.2 Bank Transfer

ဘဏ်ဖြင့် ငွေလွဲခြင်း (Bank Tranfer) ဖြင့် ကုန်ပစ္စည်းဝယ်ယူလျှင် မိမိ ထံသို့ပေးပို့သော အီးမေးလ် (Email ) ရှိ ဘောက်ချာ (Invoice) တွင် ဖော်ပြထားသည့်  ဘဏ်စာရင်း (Bank Account) တစ်ခုခုသို့ လွှဲအပ်မှု အပြည့်အဝကို လုပ်ဆောင် ပြီးမှသာ ကုမ္ပဏီမှ မှာယူမှု (Order) ကိုဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။


1.3 MPU

ကဒ် ငွေပေးချေခြင်း ဖြင့် ကုန်ပစ္စည်း ဝယ်ယူလျှင် မိမိ၏ ကဒ်ရှိ အချက်အလက်များကို မှားယွင်းမှုမရှိအောင် သေချာစွာ ဖြည့်စွက် ရန်လိုအပ်ပါသည်။ MPU ကဒ်၏ ငွေကြေးစနစ် (Currency) ကို မြန်မာကျပ်ငွေဖြင့် သတ်မှတ်ပါသည်။


1.4 Visa/Master 

Visa / Master ကဒ် ငွေပေးချေခြင်း ဖြင့် ကုန်ပစ္စည်း ဝယ်ယူလျှင် မိမိ၏ ကဒ် ရှိ အချက်အလက်များကို မှားယွင်းမှု မရှိအောင် သေချာစွာဖြည့်စွက်ရန်လိုအပ်ပါသည်။ Visa/Master ကဒ်၏ ငွေကြေးစနစ် (Currency) ကို အမေရိကန်ဒေါ်လာ (US Dollar) ဖြင့် သတ်မှတ်ပါသည်။


2. Shipping and Delivery


eBuy Myanmar မှ ဝယ်ယူသူထံသို့ မှာယူထားသည့် ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးရာတွင် ကုန်ပစ္စည်းများ၏ ခန့်မှန်းပို့ ဆောင်ရန်ကြာမြင့်ချိန်တို့ကို ဝယ်ယူမည့် ကုန်ပစ္စည်းတစ်ခုချင်းစီ၏ စာမျက်နှာ ရှိ “ခန့်မှန်းပို့ဆောင်ရန်ကြာမြင့်ချိန်” (Estimated Delivery) တွင် ဖော်ပြထားမည်ဖြစ်သည်။ ၄င်း ရက်များ အတွင်း ကုန်ပစ္စည်းများ ကို ပို့ဆောင်ပေးခြင်း မရှိလျှင် eBuy Myanmar သို့ ဆက်သွယ် မေးမြန်နိုင်ပြီး ကုမ္ပဏီ မှ တာဝန်ယူ ဖြေရှင်းပေးမည်ဖြစ်ပါသည်။

3. Cancel and Refund 


ကုန်ပစ္စည်းဝယ်ယူသူသည် မိမိ မှာယူထားသော ကုန်ပစ္စည်းကို ဝယ်ယူလိုသော ဆန္ဒ မရှိပါက အောက်ပါအချက် ၂ ချက်ဖြင့် ပယ်ဖျက်နိုင်ပါသည်။

3.1 ပည်တွင်းရောင်းချဖြန့်ဖြူးသူ (Local Seller) များမှ သယ်ယူပို့ဆောင်မှု (Shipping) ပြုလုပ်ရမည့် ကုန်ပစ္စည်းများဖြစ်လျှင် ၈ နာရီ အတွင်း ပယ်ဖျက်ခြင်း (Cancel) ပြုလုပ်နိုင်ပါသည်။

“ကျွန်ုပ်၏ စာရင်း အချက်အလက်များ” (My Account) ထဲရှိ “ဝယ်ယူထားသော စာရင်း” (My Shopping List) ထဲသို့ ဝင်ရာက်ပြီး မိမိ မှာယူထားသော ကုန်ပစ္စည်း ရှိရာနေရာတွင် “မှာယူမှုကို ပယ်ဖျက်ရန် “ (Cancel Order) ကို နှိပ်လိုက်ခြင်းဖြင့် ပျက်ပြယ်သွားပါလိမ့်မည်။ ၈ နာရီထက် ကျော်လွန်၍ ပယ်ဖျက်ခြင်း ပြုလုပ်သော တောင်းခံမှု (Request) အား eBuy Myanmar ၏ စာမျက်နှာမှ လက်ခံမည် မဟုတ်ပါ။

3.2 ပြည်ပရောင်းချဖြန့်ဖြူးသူ (Overseas Seller) များမှ သယ်ယူပို့ဆောင်မှု (Shipping) ပြုလုပ်ရမည့် ကုန်ပစ္စည်းများ ဖြစ်လျှင် eBuy Myanmar ၏ စာမျက်နှာ မှ ပယ်ဖျက်ခြင်း (Cancel) ပြုလုပ်၍မရနိုင်ပါ။ ယင်း သို့ဆိုလျှင် eBuy Myanmar သို့ အမြန်ဆုံး အကြောင်းကြားခြင်းဖြင့်သာ ပယ်ဖျက်ခြင်းကို ပြုလုပ်နိုင်ပါသည်။ ပယ်ဖျက်ခြင်း (Cancel) လုပ်ဆောင်မှု ပြီးမြောက်အောင်မြင်သူသည် ငွေပေးချေမှု (Payment) လုပ်ဆောင်ထားပြီးသူဖြစ်လျှင် eBuy Myanmar မှ ယင်းဝယ်ယူသူကို ဆက်သွယ်ပြီးပေးချေထားသော ငွေပမာဏ အတိုင်း ငွေပြန်အမ်းခြင်း (Refund) ကို ပြုလုပ်မည်ဖြစ်သည်။

4. Exchange and Return 


eBuy Myanmar  မှ Delivered Items (ပို့ဆောင်ပြီးသော ကုန်ပစ္စည်းများ)သည် ထုတ်လုပ်သူ၏ အမှား (Manufarturer’s Fault) ကြောင့်ဖြစ်သောအချက် အလက်များရှိလျှင် ဝယ်ယူသူက ၇ ရက်အတွင်း ပြန်လည်၍ လဲလှယ်နိုင်ပါသည်။ eBuy Myanmar မှ ၄င်း ကုန်ပစ္စည်းများ အတိုင်း အသစ်ပြန်လည်၍ မှာယူပေးမည်ဖြစ်သည်။၇ ရက်ထက် ကျော်လွန်ပြီးမှ ပြန်လည် ပေးအပ်သောကုန်ပစ္စည်းများနှင့်  သုံးစွဲသူအမှား (User’s Fault)ကြောင့်ဖြစ်သော အချက်အလက်၊ အပြစ်အနာအဆာ များရှိသော ကုန်ပစ္စည်း များကို eBuy Myanmar မှ ပြန်လည်၍လဲလှယ်ပေးမည် မဟုတ်ပါ။