eBuy Myanmar ရှိ ကုန်ပစ္စည်းများ (Products) ကို မှာယူလိုလျင် ကုမ္ပဏီမှ ဝယ်ယူသူထံသို့ဆက်သွယ်ရန်၊ ဘောက်ချာ(Invoice) ပေးပို့ရန် နှင့် အိမ်အရောက်ပို့ဆောင်ပေးခြင်း (Home Deivery) ပြုလုပ်ရန်ဝယ်ယူသူ၏ လိုအပ်သော ကိုယ်ရေးအချက်လက်များကို မှတ်ပုံတင်ခြင်း (Registration) ပြုလုပ်ရန်လိုအပ်ပါသည်။ eBuy Myanmar တွင်မှတ်ပုံတင်ထားသူသည် eBuy Myanmar ၏ အဖွဲ့ဝင် (Member) ဖြစ်ပြီး ကုမ္ပဏီမှ ပေးသော ဈေးလျှော့ကူပွန် (Discount Coupon) များကို ရရှိခံစားနိုင်မည်ဖြစ်သည်။ eBuy Myanmar သည် ဝယ်ယူသူ၏ ကိုယ်ရေးအချက်အလက်များကို ကုမ္ပဏီနှင့် ပါတ်သက်သော အကြောင်းကိစ္စမှ လွဲ ၍ အခြားမည်သည့် အကြောင်း ကိစ္စမျိုးတွင်မဆို သုံးစွဲခြင်းမပြုရန် တာဝန်ယူပါသည်။
eBuy Myanmar ၏ ကုန်ပစ္စည်းများကို ဝယ်သူမည်ဆိုလျင် “စတိုထဲသို့ ဝင်ရောက် ရန်” (Sign In) ဖြင့် ဝင်ရောက်ရပါမည်။ သို့မှသာ ကုမ္ပဏီမှ ဝယ်ယူသူ၏ အချက်အလက်ကို သိရှိပြီး ဝယ်ယူသူထံသို့ ဆက်သွယ်ခြင်း၊ ဘောက်ချာ (Invoice) ပေးပို့ခြင်းနှင့် အိမ်အရောက် ပို့ပေးခြင်း (Home Delivery) တို့ကို ပြုလုပ်နိုင်မည်ဖြစ်သည်။
စတိုထဲသို့ ဝင်ရောက် ရန် (Sign In) ဖြင့် ဝင်ရောက်လျင် ရွေးချယ်မှု (Option) သုံးမျိုးဖြင့် ဝင်ရောက် နိုင်ပါသည်။ ၄င်းတို့မှာ
အဖွဲ့ဝင်အနေဖြင့် ဝင်ရောက်ရန်
Facebook ဖြင့် ဝင်ရောက်ရန်
ဧည့်သည်အနေဖြင့် ဝင်ရောက်ရန်
အဖွဲ့ဝင်အနေဖြင့် ဝင်ရောက်ရန်
အဖွဲ့ဝင်အနေဖြင့် ဝင်ရောက်မည်ဆိုလျင် ဝယ်သူ၏ မှတ်ပုံတင်ထားသော အီးမေးလ် လိပ်စာ (Email Address) နှင့် လျှို့ဝှက်စာ (Password) တို့ကို ဖြည့်စွက် ပေးခြင်းဖြင့် ဝင်ရောက်နိုင်ပါသည်။ အဖွဲ့ဝင်အနေဖြင့် ဝင်ရောက်သူသည် eBuy Myanmar ၏ ဈေးလျှော့ဖြတ်ပိုင်း (Discount Coupon) များကို ရရှိနိုင်ပါသည်။
Facebook ဖြင့် ဝင်ရောက်ရန်
Facebook ဖြင့် ဝင်ရောက်မည်ဆိုလျင် ဝယ်သူ၏ Facebook ကိုယ်ပိုင်အမှတ်အသား (Facebook ID) နှင့် လျှို့ဝှက်စာ (Password) တို့ကို ဖြည့်စွက် ပေးခြင်းဖြင့် ဝင်ရောက်နိုင်ပါသည်။ Facebook ဖြင့် ဝင်ရောက်သူသည် လည်း eBuy Myanmar ၏ ဈေးလျှော့ဖြတ်ပိုင်း (Discount Coupon) များကို ရရှိနိုင်ပါသည်။
ဧည့်သည်အနေဖြင့် ဝင်ရောက်ရန်
ဧည့်သည်အနေဖြင့် ဝင်ရောက်မည်ဆိုလျှင် ဝယ်ယူသူ၏ လိုအပ်သောကိုယ်ရေးအချက်အလက်များကို ဖြည့်စွက်ပေးခြင်းဖြင့် ဝင်ရောက်နိုင်ပါသည်။ ယင်းအချက်အလက်များကို eBuy Myanmar မှ မှတ်သားထားမည်မဟုတ်ပဲ နောက်တစ်ကြိမ် ပြန်လည်ဝင်ရောက်မည်ဆိုလျှင် ထိုအချက်အလက်များကို ထပ်မံ ဖြည့်စွက်ရမည် ဖြစ်သည်။ ဧည့်သည်အနေဖြင့် ဝင်ရောက်သူသည် eBuy Myanmar ၏ ဈေးလျှော့ဖြတ်ပိုင်း (Discount Coupon) များကို ရရှိနိုင်မည် မဟုတ်ပါ။
အကောင့်
ကျွန်ုပ်၏ ကိုယ်ရေးအချက်အလတ်
My Info သည် ဝယ်ယူသူ အဖွဲ့ဝင် (Member) ၏ အမည်၊ အီးမေးလ် လိပ်စာ (Email Address)၊ အသက် ၊ ဖုန်းနံပါတ်နှင့် နေရပ်လိပ်စာ တို့ကို ကြည့်ရှုမှတ်သား နိုင်သော နေရာဖြစ်သည်။
ကိုယ်ရေးအချက်အလက်ကို ပြင်ဆင်ခြင်း
Edit Info သည် ဝယ်ယူသူ အဖွဲ့ဝင် (Member) ၏ ကိုယ်ရေးအချက်အလက်များကို ပြင်ဆင်လိုလျင် ပြင်ဆင်နိုင်သည့်နေရာဖြစ်ပြီး ပြင်ဆင်ပြီးစီးသည့် အချက်အလက်များကို ပြန်လည် ၍ မှတ်သားထားသည့်နေရာဖြစ်သည်။
ကျွန်ုပ်၏ ဝယ်ယူထားသော စာရင်း
My Shopping List သည် ဝယ်ယူသူ အဖွဲ့ဝင် (Member) ၏ ဝယ်ယူထားသော ကုန်ပစ္စည်းစာရင်းကို အစဉ်အတိုင်း ဖော်ပြပေးထားသော နေရာဖြစ်သည်။
ဝယ်ယူလိုသော စာရင်း
Wish List သည် ဝယ်ယူလိုသူ အဖွဲ့ဝင် (Member) ၏ ဝယ်ယူရန် ဆန္ဒရှိသော ကုန်ပစ္စည်း စာရင်းကို အစဉ်အတိုင်း မှတ်သားပေးထားသော နေရာဖြစ်သည်။
ကြည့်ရှုခဲ့သောစာရင်း
Viewed List သည် ဝယ်ယူသူ အဖွဲ့ဝင် (Member) က စိတ်ပါဝင်စား၍ ရှာဖွေ ကြည့်ရှုခဲ့သော ကုန်ပစ္စည်းစာရင်း ကို အစဉ်အတိုင်း မှတ်သားပေးထားသော နေရာဖြစ်သည်။
ပယ်ဖျက်/ ငွေပြန်အမ်းသောစာရင်း
Cancle /Refund List သည် ဝယ်ယူသူက ကုန်ပစ္စည်းကိုမှာ ယူပြီး ၈ နာရီ အတွင်းပြန်လည် ပယ်ဖျက်ထားသော စာရင်းနှင့် ငွေပြန်အမ်းထားသော စာရင်းကို ဖော်ပြပေးထားသော နေရာဖြစ်သည်။
ကျွန်ုပ်၏ မှာယူခဲ့သောစာရင်း
My Ordered List သည် ဝယ်ယူခဲ့ပြီးသော ကုန်ပစ္စည်းများစာရင်းကို အစဉ်အတိုင်း မှတ်သားထားနေရာဖြစ်သည်။
ကူပွန်
My Coupon သည် ဝယ်ယူသူ အဖွဲ့ဝင် (Member) များကို ဈေးလျှော့ပေးသည့် ဖြတ်ပိုင်းများဖြစ်ပြီး ၄င်း ဖြတ်ပိုင်းများကို အသုံးပြု၍ လျှော့ဈေး (Discount Price) များကို ဝယ်ယူသူက ရရှိရန် စီစဉ်ပေးထားသည့်နေရာဖြစ်သည်။ My Coupon ကို ငွေရှင်းသည့်စာများနှာ (Checkout Page) တွင်ရွေးချယ် အသုံးပြုနိုင်ပါသည်။
ခြင်း
Cart သည် ဝယ်ယူမည့် ကုန်ပစ္စည်းများကို ယာယီသိမ်းထားသည့် နေရာဖြစ်ပြီး ၄င်း Cart မှ တစ်ဆင့် ငွေပေးချေမှု (Payment) ကို ဆက်လက် လုပ်ဆောင်နိုင်မည်ဖြစ်သည်။
ဝယ်ယူခြင်း
ဝယ်ယူသူသည် မိမိ ရှာဖွေ၍ ကြိုက်နှစ်သက် သော ကုန်ပစ္စည်းတစ်ခုကို တွေ့ရှိလျှင် ၄င်း၏ အောက်နားရှိ “ယခုဝယ်ယူပါ” (Buy Now) ကိုနိုပ်ရပါမည်။ အကယ်၍ ဝယ်ယူသူသည် ၄င်း ကုန်ပစ္စည်း ကို ဈေးခြင်းထဲသို့ ယာယီ သိမ်းထားပြီး အခြားကုန်ပစ္စည်းများကို ဆက်လက်ရှာဖွေ ဝယ်ယူလိုသေးလျှင် ဈေးခြင်း သို့ ထည့်ပါ (Add To Cart) ကိုနှိပ်ပြီး ဆက်လက်ရှာဖွေရွေး ချယ်၍ ဝယ်ယူနိုင်ပါသည်။ နောက်ဆုံး ရွေးချယ်မှုပြီးဆုံး၍ ငွေပေးခြေမှု (Payment) ကိုလုပ်ဆောင်မည် ဆိုလျှင် ဈေးခြင်း (Cart) ကို နှိပ်ရပါသည်။ ဈေးခြင်းထဲတွင် ရွေးချယ်ထားသော ကုန်ပစ္စည်းအားလုံး၏ စုစုပေါင်း တန်ဖိုးကို အလိုအလျောက်တွက်ချက် ပေးထားပြီးဖြစ်သည် ကိုတွေ့ရပါမည်။ ဝယ်ယူမည့် ကုန်ပစ္စည်း စာရင်းသေချာလျှင် ငွေရှင်းရန် (Proceed to Checkout) ကိုနှိပ်လိုက်ခြင်း အားဖြင့် ငွေပေးချေမှု (Payment) အဆင့်သို့ရောက်ရှိသွားပါလိမ့်မည်။ ငွေပေးချေမှု (Payment) အပိုင်းကို အကူအညီ ၇ (Help Topics 7) တွင် ဆက်လက် ဖော်ပြထားပါသည်။
ငွေပေးချေခြင်း
ငွေပေးချေမှု(Paymant) ကို ရွေးချယ်မှု (Option) ၄ မျိုးဖြင့်လုပ်ဆောင်နိုင်ပါသည်။ ၄င်းတို့မှာ
ငွေသားကြိုတင် ပေးချေခြင်း
ဘဏ်ဖြင့်ငွေလွှဲခြင်း
MPU ကဒ်ဖြင့် ငွေပေးချေခြင်း
Visa/Master ကဒ်ဖြင့်ငွေပေးချေခြင်း
ငွေသားကြိုတင် ပေးချေခြင်း
ငွေသားကြိုတင်ပေးချေခြင်း(Cash Deposit) ကို ရွေးချယ်လိုက်ပြီး မိမိ၏ ကိုယ်ရေးအချက်အလက်များကို ဖြည့်စွက်ရပါသည်။ ပြီးလျှင် “ငွေရှင်းပါ” (Proceed to Pay) ကို နှိပ်လိုက်ခြင်းဖြင့် မိမိ၏ အီးမေးလ် (Email) သို့ ဘောက်ချာ (Invoice) ကို ကုမ္ပဏီမှ ပို့ပေးပါလိမ့်မည်။ ၄င်း ဘောက်ချာကို လက်ခံရရှိသည်နှင့် eBuy Myanmar ရုံးသို့ငွေသား ကြိုတင်ပေးချေရပါမည်။ ငွေပေးချေမှု အပြည့်အဝ လုပ်ဆောင်ပြီးမှသာ ကုမ္ပဏီမှ မှာယူမှု (Order) ကို ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။ eBuy Myanmar ရုံးလိပ်စာကို ၄င်း အင်တာနက် စာမျက်နှာ ရှိ 'ဆက်သွယ်ရန်' (Contact Us) တွင် ရှာဖွေနိုင်ပါသည်။
ဘဏ်ဖြင့်ငွေလွှဲခြင်း
ဘဏ်ဖြင့်ငွေလွှဲခြင်း (Bank Transfer) ကိုရွေးချယ်လိုက်ပြီး မိမိ ၏ ကိုယ်ရေးအချက်အလက်များကို ဖြည့်စွက်ရပါသည်။ ပြီးလျှင် ငွရှင်းပါ (Proceed to Pay) ကိုနှိပ်လိုက်ခြင်းအားဖြင့် မိမိ ၏ အီးမေးလ် (Email) သို့ ဘောက်ချာ (Invoice) ကို ကုမ္ပဏီ မှ ပို့ပေးပါလိမ့်မည်။ ၄င်း ဘောက်ချာ တွင် ဖော်ပြထားသည့် ဘဏ်စာရင်း (Bank Account) တစ်ခုခုသို့ လွှဲအပ်ရပါမည်။ ငွေလွှဲအပ်မှု အပြည့်အဝ ကို လုပ်ဆောင်ပြီးမှသာ မှာယူမှု (Order) ကို ကုမ္မဏီ က ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါသည်။
ထိုသို့ လွှဲအပ် ရာတွင် ဖော်ပြထားသော ဘဏ်ခွဲ များသို့ လူကိုယ်တိုင်သွားရောက်၍သော်လည်းကောင်း ၊ အင်တာနက် ဘဏ်စနစ် (Internet Banking) ဖြင့်သော်လည်းကောင်း လွှဲအပ်နိုင်ပါသည်။ လွှဲအပ်ပြီးပါက eBuy Myanmar ရုံးသို့ ဖုန်းခေါ်ဆို၍ ဖြစ်စေ၊ မိုဘိုင်းဖုန်း တစ်ခုခု သို့ စာရိုက်သတင်း (Text Message) ပေးပို့၍ ဖြစ်စေ ၊ အီးမေးလ် (Email) ပေးပို့၍ ဖြစ်စေ အကြောင်းကြားရပါမည်။
အကြောင်းကြားရမည့် အဆက်အသွယ် (Contact) များကို ၄င်း အင်တာနက်စာမျက်နှာရှိ ဆက်သွယ်ရန်' (Contact Us) တွင် ရှာဖွေနိုင်ပါသည်။
MPU ကဒ်ဖြင့် ငွေပေးချေခြင်း
MPU ကဒ်ဖြင့်ငွေပေးချေခြင်း (MPU) ကို ရွေးချယ်လိုက်ပြီး မိမိ၏ ကိုယ်ရေး အချက်အလက်များကို ဖြည့်စွက်ရပါသည်။ ပြီးလျှင် မိမိ၏ MPU ကဒ်ရှိ လိုအပ်သောအချက်အလက်များကို ဖြည့်စွက်ပြီး ငွရှင်းပါ (Proceed to Pay) ကိုနှိပ်လိုက်ခြင်းအားဖြင့် မိမိ ၏ အီးမေးလ် (Email) သို့ ဘောက်ချာ (Invoice) ကို ကုမ္ပဏီ မှ ပေးပို့ပါလိမ့်မည်။ ဤ တွင် ငွေပေးချေမှု ပြီးဆုံးသွားပါမည်။ သတိပြုရန်မှာ မိမိ၏ ကဒ်ရှိအချက်အလက်များကို မှားယွင်းမှုမရှိ အောင် သေချာစွာဖြည့်စွက်ရန်လိုအပ်ပါသည်။ MPU ကဒ် ၏ ငွေကြေးစနစ် (Currency) ကို မြန်မာကျပ်ငွေ ဖြင့်သတ်မှတ်ပါသည်။
Visa/Master ကဒ်ဖြင့်ငွေပေးချေခြင်း
Visa /Master (Visa/Master ကဒ်ဖြင့် ငွေပေးခြေခြင်း) ကိုရွေးချယ်လိုက်ပြီး မိမိ၏ ကိုယ်ရေးအချက်အလက် များကို ဖြည့်စွက်ရပါသည်။ ပြီးလျှင် မိမိ၏ Visa/Master ကဒ်ရှိလိုအပ်သောအချက်အလက်များ ကို ဖြည့်စွက်ပြီး “Proceed to Pay” (ငွေရှင်းပါ) ကို နှိပ်လိုက်ခြင်းအားဖြင့် မိမိ ၏ အီးမေးလ် (Email) သို့ ဘောက်ချာ (Invoice) ကို ကုမ္ပဏီ မှ ပေးပို့ပါလိမ့်မည်။ ဤ တွင် ငွေပေးချေမှု ပြီးဆုံးသွားပါမည်။ သတိပြုရန်မှာ မိမိ၏ ကဒ်ရှိ အချက်အလက်များကို မှားယွင်းမှု မရှိအောင်သေချာစွာ ဖြည့်စွက်ရန် လိုအပ်ပါသည်။ Visa/Master ကဒ် ၏ ငွေကြေးစနစ် (Currency) ကို အမေရိကန်ဒေါ်လာ (US Dollar) ဖြင့် သတ်မှတ်ပါသည်။
သယ်ယူပို့ဆောင်ခြင်း
ငွေပေးချေမှု (Payment) ကိုအောင်မြင်စွာလုပ်ဆောင် မှု ပြီးမြောက်သော ကုန်ပစ္စည်းများကို ကုမ္ပဏီ မှ ထုတ်လုပ်သူ/ကုန်ပစ္စည်းထောက်ပံ့သူများ (Manufacturers/Suppliers) ထံ တိုက်ရိုက် မှာယူ၍ ဝယ်ယူသူထံသို့ ဆက် သွယ်ကာ အိမ်အရောက်ပို့ပေးခြင်း (Home Delivery) ဖြင့် ဝန်ဆောင်မှုပေးပါသည်။
ယင်းသို့သယ်ယူပို့ဆောင်ရာတွင်ကုန်ပစ္စည်းများ၏ ခန့်မှန်းပို့ဆောင်ရန် ကြာမြင့်ချိန် တို့ကို ဝယ်ယူမည့် ကုန်ပစ္စည်း တစ်ခုချင်းစီ၏ စာမျက်နှာရှိ “ခန့်မှန်းပို့ဆောင်ရန် ကြာမြင့်ချိန်” (Estimated Delivery) တွင် ဖော်ပြထားမည် ဖြစ်သည်။ ၄င်း ရက်များအတွင်း ကုန်ပစ္စည်းများကို ပို့ဆောင်ပေးခြင်းမရှိလျှင် eBuy Myanmar သို့ဆက်သွယ်မေးမြန်းနိုင်ပြီး ကုမ္ပဏီ မှ ဖြေရှင်းပေးမည်ဖြစ်သည်။
ငွေပြန်အမ်းခြင်း
ကုန်ပစ္စည်းဝယ်ယူသူသည် မိမိ မှာယူထားသော ကုန်ပစ္စည်း ကို ဝယ်ယူလို သောဆန္ဒမရှိပါက အောက်ပါ အချက် ၂ ချက်ဖြင့် ပယ်ဖျက်နိုင်ပါသည်။
ပည်တွင်းရောင်းချဖြန့်ဖြူးသူ (Local Seller) များမှ သယ်ယူပို့ဆောင်မှု (Shipping) ပြုလုပ်ရမည့် ကုန်ပစ္စည်းများဖြစ်လျှင် ၈ နာရီ အတွင်း ပယ်ဖျက်ခြင်း (Cancel) ပြုလုပ်နိုင်ပါသည်။ “ကျွန်ုပ်၏ စာရင်း အချက်အလက်များ” (My Account) ထဲရှိ “ဝယ်ယူထားသော စာရင်း” (My Shopping List) ထဲသို့ ဝင်ရာက်ပြီး မိမိ မှာယူထားသော ကုန်ပစ္စည်း ရှိရာနေရာတွင် “မှာယူမှုကို ပယ်ဖျက်ရန် “ (Cancel Order) ကို နှိပ်လိုက်ခြင်းဖြင့် ပျက်ပြယ်သွားပါလိမ့်မည်။ ၈ နာရီထက် ကျော်လွန်၍ ပယ်ဖျက်ခြင်း ပြုလုပ်သော တောင်းခံမှု (Request) အား eBuy Myanmar ၏ စာမျက်နှာမှ လက်ခံမည် မဟုတ်ပါ။
ပည်ပရောင်းချဖြန့်ဖြူးသူ (Overseas Seller) များမှ သယ်ယူပို့ဆောင်မှု (Shipping) ပြုလုပ်ရမည့် ကုန်ပစ္စည်းများ ဖြစ်လျှင် eBuy Myanmar ၏ စာမျက်နှာ မှ ပယ်ဖျက်ခြင်း (Cancel) ပြုလုပ်၍မရနိုင်ပါ။ ယင်း သို့ဆိုလျှင် eBuy Myanmar သို့ အမြန်ဆုံး အကြောင်းကြားခြင်းဖြင့်သာ ပယ်ဖျက်ခြင်းကို ပြုလုပ်နိုင်ပါသည်။
ပယ်ဖျက်ခြင်း (Cancel) လုပ်ဆောင်မှု ပြီးမြောက်အောင်မြင်သူသည် ငွေပေးချေမှု (Payment) လုပ်ဆောင်ထားပြီးသူဖြစ်လျှင် eBuy Myanmar မှ ယင်းဝယ်ယူသူကို ဆက်သွယ်ပြီးပေးချေထားသော ငွေပမာဏ အတိုင်း ငွေပြန်အမ်းခြင်း (Refund) ကို ပြုလုပ်မည်ဖြစ်သည်။
ပြန်လည် လဲလှယ် ပေးခြင်း
eBuy Myanmar မှ ပို့ဆောင်ပြီးသော ကုန်ပစ္စည်းများ (Delivered Items) သည် ထုတ်လုပ်သူ၏ အမှား (Manufarturer’s Fault) ကြောင့်ဖြစ်သောအချက် အလက်များရှိလျှင် ဝယ်ယူသူက ၇ ရက်အတွင်း ပြန်လည်၍ လဲလှယ်နိုင်ပါသည်။ eBuy Myanmar မှ ၄င်း ကုန်ပစ္စည်းများ အတိုင်း အသစ်ပြန်လည်၍ မှာယူပေးမည်ဖြစ်သည်။
၇ ရက်ထက် ကျော်လွန်ပြီးမှ ပြန်လည် ပေးအပ်သောကုန်ပစ္စည်းများနှင့် သုံးစွဲသူအမှား (User’s Fault)ကြောင့်ဖြစ်သော အချက်အလက်၊ အပြစ်အနာအဆာ များရှိသော ကုန်ပစ္စည်း များကို eBuy Myanmar မှ ပြန်လည်၍လဲလှယ်ပေးမည် မဟုတ်ပါ။
ရောင်းချရန်
eBuy Myanmar သည်ကုန်ပစ္စည်း များကို ဖြန့်ဖြူးရောင်းချ လိုသော ထုတ်လုပ်သူ (Manufacturer) များနှင့် ကုန်ပစ္စည်းထောက် ပံ့သူများ (Suppliers) ကိုနွေးထွေးစွာ လက်ခံပါသည်။ ကုမ္ပဏီ၏ စာမျက်နှာပေါ်သို့ ကုန်ပစ္စည်း ရောင်းချလိုလျှင် မူလစာမျက်နှာပေါ်ရှိ “ကုန်ပစ္စည်းများရောင်းချရန်” (Sell Your Items) ကိုနှိပ်ရပါမည်။
ထိုအခါ ကုမ္ပဏီ သို့ Email (အီးမေးလ်) ပေးပို့သည့် စာမျက်နှာ ပေါ်လာပြီး မိမိရောင်းချလိုသော ကုန်ပစ္စည်းမျာ၏ အသေးစိတ် အချက်အလက်များ နှင့် ဓါတ်ပုံများကို အီးမေးလ် ပေးပို့ခြင်းအားဖြင့် eBuy Myanmar စာမျက်နှာပေါ်သို့ ကြော် ငြာရောင်းချပေးပါသည်။ ကုမ္ပဏီ သည် ကုန်ပစ္စည်း ထုတ်လုပ်သူများနှင့် ထောက်ပံ့သူများကို စည်းကမ်းချက်များနှင့် အခြေအနေများ (Terms and Conditions) အတွက် ဆက်သွယ်ဆွေးနွေးပြီး သဘောတူညီမှု ရယူမည်ဖြစ်သည်။
အမေးများဆုံး မေးခွန်းများ
Register and Sign In
Q. How do I register in eBuy Myanmar?My Account
Q. How do I change my password?Coupons and Products
Q. How do I use my coupon?Order and Payment
Q. How do I place my order?Shipping and Delivery
Q. How do I track my order status?Cancel and Refund
Q. How do I cancel my order?Exchange and Return
Q. How do I return my product?မှတ်ပုံတင်ခြင်း နှင့် စတို ထဲသို့ ဝင်ရောက်ခြင်း (Register and Sign In)
မေး. eBuy Myanmar မှာ ဘယ်လိုမှတ်ပုံတင်ရမလဲ?ကျွန်ုပ် ၏ စာရင်းအချက်အလက် (My Account)
မေး. လျှို့ဝှက်စာကို ဘယ်လိုပြောင်းရမလဲ?ကူပွန်နှင့် ကုန်ပစ္စည်းများ (Coupon and Products)
မေး။ ကူပွန် ကိုဘယ်လိုသုံးရမလဲမှာယူခြင်း နှင့် ငွေပေးချေခြင်း (Order and Payment)
မေး။ ကုန်ပစ္စည်းကို ဘယ်လိုမှာယူရမလဲသယ်ယူပို့ဆောင်ပေးခြင်း (Shipping and Delivery)
ပယ်ဖျက်ခြင်း နှင့် ငွေပြန်အမ်းခြင်း (Cancel and Refund)
မေး။ မှာထားတဲ့ကုန်ပစ္စည်းကို ဘယ်လိုပယ်ဖျက်ရမလဲလဲလှယ်ခြင်း၊ ပြန်အပ်ခြင်း (Exchange and Return)
1.AYA BANK SAVINGS ACCOUNT NUMBER
0004202012564091
2.KBZ BANK SAVINGS ACCOUNT NUMBER
045-301-04502556101
3.CB BANK SAVINGS ACCOUNT NUMBER
0087600100017485